ကိုင်ရို၊ နိုဝင်ဘာ ၆
ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများသို့ နိုင်ငံတကာ ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး သွားရောက်ကြည့်ရှုရန် ကုလသမဂ္ဂ အကြီးအကဲအား ဟားမတ်စ်အဖွဲ့က တောင်းဆိုခဲ့သည်ဟု ဟားမတ်စ် ပေါလစ်ဗျူရို အဖွဲ့ဝင် အိုစမာဟမ်ဒန်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ပါလက်စတိုင်းအုပ်စုများသည် ဆေးရုံများကို ၎င်းတို့၏ ကွပ်ကဲမှုဗဟိုအဖြစ် အသုံးပြုနေသည်ဟု အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီ၏ ပြောကြားချက်ကို ငြင်းဆိုခဲ့သည်။ “သူတို့က ဆေးရုံတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ ဆေးဘက်ဆိုင်ရာကဏ္ဍကို ဖျက်ဆီးဖို့နဲ့ ပြည်သူတွေကို မြေကြီးထဲက မောင်းထုတ်ဖို့ ဖိအားပေးဖို့ အကြောင်းပြချက်တွေ ရှာနေတာ” ဟု ၎င်းက ဆိုသည်။
“ဒီစွပ်စွဲချက်တွေဟာ မှားယွင်းနေပြီး လုပ်ငန်းခွင်အာဏာပိုင်တွေက လူနာတွေနဲ့ ဒဏ်ရာရသူတွေကို နိုင်ငံတကာ ကော်မတီတခုဖွဲ့စည်းပြီး ဆေးရုံတွေဆီ သွားရောက်ကြည့်ရှုဖို့ ကျနော်တို့ တောင်းဆိုနေပါတယ်” ဟု ၎င်းက ပြောသည်။
အစ္စရေးတပ်ဖွဲ့ဝင်များသည် အယ်လ်ရှီဖာဆေးရုံအပြင်ဘက်ရှိ ဧရိယာအား နိုဝင်ဘာ ၃ ရက်က တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူများကို အီဂျစ်နယ်စပ်ရှိ Rafah ဖြတ်ကူးသည့်နေရာသို့ ပို့ဆောင်ရန် ဆေးရုံမှထွက်ခွာမည့် လူနာတင်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အခြားတိုက်ခိုက်မှုများသည် ဆေးရုံအဝင်ပေါက်အနီးရှိ ဧရိယာကို ထိမှန်ခဲ့ပြီး အခြားလူနာတင်ယာဉ်အများအပြားလည်း ပျက်စီးခဲ့သည်။ အယ်လ်ရှီဖာ၏ ပိုင်နက်တွင် တည်ရှိသော ဟားမတ်စ် ကွပ်ကဲမှုစင်တာကို ပစ်မှတ်ထားသည်ဟု IDF က ပြောကြားခဲ့သည်။
Ref - TASS
https://t.me/MyanmarNationalPost
No comments:
Post a Comment