MNP ၊ နိုဝင်ဘာ ၁၈
ရန်ကုန်မြို့ ကြေးသွန်းဘုရားရှေ့တွင် ယနေ့ညနေ ပိုင်းက ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုများအား ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲကို အမျိုးသားရေးလှုပ်ရှားသူများက ဦးဆောင်ကျင်းပခဲ့သည်။
အမျိုးသားရေးလှုပ်ရှားသူများ ဦးဆောင်ဆန္ဒဖော်ထုတ်ရာတွင် မြန်မာပြည်တဝှမ်းမှာ ငြိမ်းချမ်းရေးပန်းများ ပွင့်လန်းပါစေ၊ အကြမ်းဖက်လုပ်ရပ်တွေ - ချက်ချင်းရပ်၊ တိုင်းတပါးအားကိုး ပုဆိန်ရိုးများအား - ဆန့်ကျင်ကြ၊ ပြည်တွင်းရေးကို စွက်ဖက်သူ - ဒို့ရန်သူ၊ အမိမြေကို ကာကွယ်ကြ (let protect our mother land)၊ ဒါ ငါတို့ပြည် ဒါ ငါတို့ပြည်ထောင်စု ဒါ ငါတို့ ပြည်တွင်းရေး၊ This is : Our Country, Our Union, Our Internal affairs၊ အချုပ်အခြာကို ထိပါးလာသူမှန်သမျှ - ဆန့်ကျင်ကြ၊ အပြစ်မဲ့ ပြည်သူများကို အတိဒုက္ခရောက်စေသော အကြမ်းဖက် လုပ်ရပ်များအား - ဆန့်ကျင်ကြ ပိုစတာများ ကိုင်ဆောင်၍ ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး မှ ကိုမင်းမင်း က `ကျွန်တော်တို့ ဆန္ဒပြခြင်းဟာ တိုင်းပြည်မှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်တာမဟုတ်ပါဘူး။ ဆူပူအကြမ်းဖက်မှုတွေ ရက်စက်ယုတ်မာမှုတွေကို အဆုံးသတ်ကြဖို့ ကောင်းပြီ။ ဒီနေရာမှာ အစိုးရကလည်း တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ်။ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတဲ့သူတွေကလည်း ကိုယ့်လုပ်ရပ်ကို ဆင်ခြင်သတိပြုကြဖို့ လိုပြီ။ အထူးအားဖြင့် အကြမ်းဖက်အဖွဲ့အစည်းတွေ ကို လက်နက်၊ ငွေကြေး ထောက်ပံ့ပေးနေမှုတွေဟာ မြန်မာပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေခြင်းဖြစ်တယ်။ ဒါကိုတွေ ပြတ်ပြတ်သားသား ကျွန်တော်တို့ ဆန့်ကျင်ပါတယ်။ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ကို တရုတ်က ကူညီနေသလားဆိုတာ ကျွန်တော်တို့ စိုးရိမ်ပါတယ်။ တရုတ်အစိုးရအနေနဲ့ အိမ်နီးချင်းကောင်းပီသစေချင်ပါတယ်။ အကြမ်းဖက်အဖွဲ့တွေကို တရုတ်အစိုးရအနေနဲ့ လုံးဝ အားပေးအားမြှောက် မလုပ်ဖို့၊ ကူညီပံ့ပိုးတာတွေ မလုပ်ဖို့ အဓိက တောင်းဆိုပါတယ်။´ ဟု ပြောသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment