အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကယ်ဒမီ အဖွဲ့ဝင်နိုင်ငံများ၏ (၁၂)ကြိမ်မြောက်ညီလာခံတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း တက်ရောက်မိန့်ခွန်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကယ်ဒမီ အဖွဲ့ဝင်နိုင်ငံများ၏ (၁၂)ကြိမ်မြောက်ညီလာခံတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း တက်ရောက်မိန့်ခွန်းပြောကြား




MNP ၊ နိုဝင်ဘာ ၁၀

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကယ်ဒမီ (International Anti-Corruption Academy-IACA) အဖွဲ့ဝင်နိုင်ငံများ၏ (၁၂)ကြိမ်မြောက်ညီလာခံကို ၉-၁၁-၂၀၂၃ ရက်တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗီယင်နာ မြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။


မြန်မာအမြဲတမ်းကိုယ်စားလှယ်က မိန့်ခွန်းပြောကြားရာတွင် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention against Corruption-UNCAC) ၏ နှစ်(၂၀)ပြည့် အခါသမယတွင် အဖွဲ့ဝင်နိုင်ငံ (၁၉၀)က အထိမ်းအမှတ်အခမ်းအနားများ ပြုလုပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၉-၁၂-၂၀၂၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပ  မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အကယ်ဒမီ၏ ဆောင်ရွက်ချက်များကို အပြည့်အဝ ထောက်ခံပြီး၊ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပြည်သူများအတွက် ပညာသင်ဆုများ၊ ပညာရေး၊ လေ့ကျင့်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များ ဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လက်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အား ပိုမိုကောင်းမွန်မှုရှိရေးအတွက် ပြန်လည်ဆန်းစစ်လေ့လာမှုပြုလုပ်လျက်ရှိပြီး၊ အများ ပြည်သူအကျိုးငှာ ထုတ်ဖော်သတင်းပေးသူများအား အကာအကွယ်ပေးရေးဥပဒေ (Whistleblower protection law) ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားခဲ့သည်။ 


ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာအစီအစဉ် (၂၀၂၂-၂၀၂၅) အောက်တွင် ၂၀၂၃ ခုနှစ် လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် အထက်တန်းနှင့်တက္ကသိုလ်အဆင့် များတွင် အဂတိလိုက်စားမှု ကင်းဝေးရေး၊ ဂုဏ်သိက္ခာ၊ လူ့ကျင့်ဝတ်ဆိုင်ရာသင်ရိုးများ ထည့်သွင်း၍ လည်းကောင်း၊ ကျောင်းများတွင် အသိပညာပေးအစီအစဉ် (Edutainment)၊ ဆရာ/ဆရာမများ၏ မွမ်းမံသင်တန်းများတွင် အသိပညာပေးဆွေးနွေးမှုများ (Awareness-raising) ပြုလုပ်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit) များကို ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများ အားလုံးတွင် ဖွဲ့စည်း ထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် UNCAC နှင့် ASEAN-PAC အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်း၊ လာအို၊ အိန္ဒိယ၊ ရုရှားနိုင်ငံတို့နှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် နယ်စပ်ဖြတ်ကျော် အဂတိ လိုက်စားမှုများကို စုံစမ်းစစ်ဆေးရာတွင် ငွေကြေးဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့များ၊ မှုခင်း ရဲတပ်ဖွဲ့များနှင့်လည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)