MNP ၊ နိုဝင်ဘာ ၂၇
ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် ၊ကညင်တန်းတောင်ရွာသူတစ်ဦးထံမှ နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် (၀၈:၃၀ ) အချိန် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။ ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှာဖွေဝရမ်းဖြင့် ကညင်တန်း တောင် ရွာနေ ဟာဟေဇူလာ(ကျား)၏ နေအိမ် အား ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ နေအိမ်၌ တံခါးသော့ ခတ်ထားသဖြင့် သက်သေများရှေ့ ဖွင့်ကာ နေအိမ်အား ဝင်ရောက်ရှာဖွေစဉ် နေအိမ်အိပ်ခန်းမြေကြီးအတွင်း ပလက်စတစ်ခင်း၍ အံဝှက်ပြုလုပ်ထားသဖြင့် တူးဖော်ခဲ့ရာ အနက်ရောင်ပလက်စတစ်လေးထောင့်ခြင်းအတွင်း အကြည်ရောင် ပလက်စတစ်ဖြင့် ထည့်လျက် မိုင်းကိုင်းစက္ကူ ဖြင့် ထုတ်ထားသည့် အပြာရောင်ကပ်ခွာအိတ် တစ်အိတ်လျှင် WY/R စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅ပြားစီပါ (၅၀)ထုတ် ၊ပါကင်ကြီး ၇ ထုပ် ၊ စုစုပေါင်းဆေးပြား ၆၄၇၅၀ ပြား အလေးချိန် (၅.၈၂၇၅)ကီလိုခန့် အား တွေ့ရှိသိမ်းဆည်းပြီး မူးယစ်ဆေးဝါးများအား နေအိမ်တွင် သိုဝှက်သိမ်းဆည်းကာတိမ်းရှောင်နေသူ ဟာဟေဇူလာ(ကျား) ၂၄ နှစ် (ဘ)နိုရိုရ်ဟော့စွန်း ကညင်တန်း(တောင်)ရွာ နေသူအား မြို့မရဲစခန်းတွင် မယ (ပ) ၂၉/၂၀၂၃ ၊ မူး/စိတ် ပုဒ်မ ၁၉(က)အရ အမှု ဖွင့်လှစ် ကာ တရားဉပဒေအရ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိပြီး တရားခံအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး သက်ဆိုင်ရာမှ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဝေလ(မောင်တော)
https://t.me/MyanmarNationalPost


No comments:
Post a Comment