မာန်အောင်မြို့မြို့မကျောင်းကြီး၌(၈၂)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မာန်အောင်မြို့မြို့မကျောင်းကြီး၌(၈၂)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

 MNP ၊




နိုဝင်ဘာ ၂၇

ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီး၌(၈၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲကအဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ကြွရောက်တော်မူသော ဆရာတော်သံဃာတော်အရှင်သူမြတ်နှင့်တရားနာပရိတ်သတ်များက``နမောတဿ ´´(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြသည်။  ထို့နောက် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊မြို့မကျောင်းကြီး ဆရာတော်ဘဒ္ဒန္တစန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ယင်းနောက် မြို့မကျောင်းကြီး ဒါယကာ၊ဒါယိကာမများ(ကိုယ်စား)ပစ္စည်းလေးပါးကော်မတီ(နာယက)ဦးဘိုးတင်ဖြူမှ ကထိန်လျာမြတ်သင်္ကန်းကို သံဃာတော်ထံ ဆက်ကပ်လှူဒါန်းပြီး မြို့မကျောင်းကြီးဆရာတော် ဘဒ္ဒန္တစန္ဒထံမှ ကထိန်အကျိုးတရားတော်မြတ်ကို နာယူ၍ လှူဒါန်းမှု အစုစုတို့အားရေစက်သွန်းချ အမျှ ပေးဝေကာ ``ဗုဒ္ဓသာသနံစိရံတိဋ္ဌ တု´´(၃)ကြိမ်ရွတ်ဆိုအခမ်းအနားရုပ်သိမ်းခဲ့ပြီးနောက်သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။



https://t.me/MyanmarNationalPost

  


   

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)