ငါးလုပ်ငန်းသိပ္ပံ (တွံတေး)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒီပလိုမာပထမနှစ်နှင့် ဒုတိယနှစ်(ပထမနှစ်ဝက်) သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ငါးလုပ်ငန်းသိပ္ပံ (တွံတေး)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒီပလိုမာပထမနှစ်နှင့် ဒုတိယနှစ်(ပထမနှစ်ဝက်) သင်တန်းဖွင့်လှစ်





MNP ၊ နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဖွံဖြိုးရေးနှင့် သုတေသနဌာနခွဲအောက်ရှိ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)တွင် ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေး ဒီပလိုမာပထမနှစ်နှင့် ဒုတိယနှစ် (ပထမနှစ်ဝက်) သင်တန်းများဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဇီးဖြူကုန်းကျေးရွာ၊ ငါးလုပ်ငန်းသိပ္ပံ(တွံတေး) သင်တန်းကျောင်းခန်းမ၌ ဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြင့်ရွှေ၊ တွံတေးခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးဝင်ထွန်းနိုင်တို့က အမှာစကားများပြောကြားပြီး ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်းအုပ်ကြီး ဒေါ်မိုးသူဇာမောင်က မိတ်ဆက်စကားပြောကြားခဲ့သည်။

ယင်းနောက် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)တွင် သင်တန်းတက်ရောက်နေသည့် ဒီပလိုမာသင်တန်းဒုတိယနှစ်မှ ကျောင်းသား၊ ကျောင်းသူများက "ငါတို့ချစ်သောငါးသိပ္ပံ" တေးသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ တက်ရောက်ခွင့်ရရှိသည့် ဒီပလိုမာပထမနှစ် ကျောင်းသား၊ ကျောင်းသူများဒုတိယနှစ်မှ ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော တိုင်းဒေသကြီး ဦးစီးမှူး၊ တွံတေးခရိုင်၊ အဖွဲ့ဝင်(၂)၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး၊ တွံတေးကငါးလုပ်ငန်းစခန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ဒေသခံရပ်မိရပ်ဖများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ အဆိုပါသင်တန်းသို့ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပထမနှစ်ကျောင်းသား၊ ကျောင်းသူ(၆၄)ဦး၊ ဒုတိယနှစ်(၃၂)ဦး တက်ရောက်ပညာသင်ကြားမည်ဖြစ်ကြောင်း တာဝန်ရှိသူ ကျောင်းအုပ်ကြီး ဒေါ်မိုးသူဇာမောင်ထံမှ သိရှိရသည်။


တွံတေးသား

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)