ပေကျင်း၊ နိုဝင်ဘာ ၂၄
တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ပါက စစ်အေးတိုက်ပွဲသစ်ကို တားဆီးနိုင်စွမ်းရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက ပြောကြားခဲ့သည်။
"တရုတ်နဲ့ ဥရောပ ပူးပေါင်းဆောင်ရွက်ရင် ဆန့်ကျင်ဘက် အစုအဖွဲ့တွေ ရှိလာမှာ မဟုတ်ဘူး၊ ကမ္ဘာမှာ ကွဲထွက်မှု မရှိသလို စစ်အေးတိုက်ပွဲသစ်လည်း မရှိပါဘူး" ဟု Catherine Colonna နှင့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။
တရုတ်နှင့် ဥရောပသမဂ္ဂတို့သည် ပွင့်လင်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ခံအားပေးရမည် ဟု ထိပ်တန်း တရုတ်သံတမန်၏ ပြောကြားချက်အရ သိရသည်။ ဥရောပသမဂ္ဂ နှင့် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဦးနှစ်ဖက် အကျိုးရှိကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။ စီးပွားရေး ဆက်ဆံမှုများတွင် နိုင်ငံရေးအရ မသေချာမရေရာမှု အကြောင်းရင်း၏ အနုတ်လက္ခဏာ သက်ရောက်မှုများကို လျှော့ချခြင်းဖြင့် ဘေးအန္တရာယ်များကို လျှော့ချရန် ၎င်းက တောင်းဆိုခဲ့သည်။
Ref - TASS
https://t.me/MyanmarNationalPost

No comments:
Post a Comment