မြို့နယ်အချို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်အချို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ




MNP ၊ နိုဝင်ဘာ ၁၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ် ဝါးဖြူတောင်ကျေးရွာအုပ်စု ဖော့တောကျေးရွာအနီးတွင် TOYOTA HIACE အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိန်လှိုင် သယ်ဆောင်လာသည့် စုစုပေါင်း ငွေကျပ် ၁၀၄၅ သိန်း တန်ဖိုးရှိ ဘိန်းဖြူ ၄ ဒသမ ၁၈ ကီလိုကို သိမ်းဆည်းရမိခဲ့ပြီး မွန်းလွဲပိုင်းတွင် ကွင်းဆက်တရားခံ သိန်းကျော်ကို ဖော့တောကျေးရွာ လမ်းဆုံတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုနေ့ ညနေ ၄ နာရီခွဲတွင် မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက် အောင်ဇေယျလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ကောင်းမြတ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၆၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက် လေဆိပ်လမ်းမနှင့် အောင်ဇေယျလမ်းထောင့်တွင် မင်းမင်းသန်းနှင့် မအိသန္တာဆွေတို့ကို စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၀၊ TOYOTA CALDINA အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ ညနေ ၆ နာရီခွဲတွင် ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်း(မြောက်/ အရှေ့)ရပ်ကွက် ကမ်းနားလမ်းရှိ နေအိမ်တွင် မျိုးမင်းထွန်း(ခ)ကိုမျိုးကို ဘိန်းဖြူ သုညဒသမ ၀၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀ ကို ဖမ်းဆီးရမိခဲ့သည်။


နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက် အထက်ပုဇွန်တောင်လမ်းတွင် စည်သူဝင်း(ခ)စည်သူ မောင်းနှင်လာသည့် HARRIER အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ အက်တက်စီ ဆေးပြား ၉၃၀၊ ကက်တမင်း သုည ဒသမ ၀၄၂၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲတွင် ကမာရွတ်မြို့နယ် (၅)ရပ်ကွက် အောင်ချမ်းသာလမ်းရှိ ၎င်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း သုညဒသမ ၀၀၃ ကီလို၊ Happy Water သုည ဒသမ ၀၈၄ ကီလိုကို လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် သာကေတမြို့နယ် ၁၀/မြောက်ရပ်ကွက် သန်လျင်ချဉ်းကပ်လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ဇော်ဝင်း(ခ)အိုစမန်ကို စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုညဒသမ ၀၄၅ ကီလိုကို လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် သန်လျင်မြို့နယ်၊ သောက်တော်တွင်းရပ်ကွက် ဘုရားဖြူလမ်းရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ ဘိန်းဖြူ သုညဒသမ ၀၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)