MNP ၊ နိုဝင်ဘာ ၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင် ခရိုင်ပညာရေးမှူးနှင့် ထက်၊ လယ်၊ မူကျောင်း အုပ်ကြီးများ တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက အ.ထ.က-ပေါက်တောကျောင်း စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စစ်တွေခရိုင်ပညာရေးမှူး ဒေါ်အေးအေးစန်းက ပြည်ထောင်စုဝန်ကြီး လမ်းညွန်ချက်များနှင့် လိုက်နာဆောင်ရွက်မည့်အကြောင်း အရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး တာဝန်ခံဦးအောင်ကျော်ထွန်းက ထပ်ဆင့်ရှင်းလင်းခြင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မျိုးသန်းက လုပ်ငန်းလမ်းညွန်ချက်များကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးကြရာ ခရိုင်ပညာရေးမှူးက မေးမြန်းချက်များအပေါ်ပြန်လည်ဆွေးနွေးခဲ့သည်။ အခမ်းအနားသို့ စစ်တွေခရိုင်ပညာရေးမှူး ဒေါ်အေးအေးစန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး တာဝန်ခံဦးအောင်ကျော်ထွန်း၊ ဒုတိယ မြို့နယ်ပညာရေးမှူးနှင့် ထက်၊ လယ်၊ မူ ကျောင်းအုပ်ဆရာ/ မကြီး စုစုပေါင်း (၁၆၂) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment