ရတနာပုံတက္ကသိုလ် (၂၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရတနာပုံတက္ကသိုလ် (၂၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ



MNP ၊ နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ထန်းတောကျေးရွာအနီးရှိ ရတနာပုံတက္ကသိုလ် နေ့သင်တန်းနှင့် အဝေးသင်-သင်တန်းတို့၏ (၂၄)ကြိမ် မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင့်မိုးသူဇာက ဘွဲ့နှင်းသဘင် မိန့်ခွန်း ပြောကြားပြီး ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များတွင် ကျင်းပပြုလုပ်ခဲ့သည့် နေ့သင်တန်းနှင့် ၂၀၁၉ နှင့် ၂၀၂၂ ပညာသင်နှစ်များတွင် ကျင်းပပြုလုပ်ခဲ့သည့် အဝေးသင်-သင်တန်းတို့တွင် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ ဥပဒေဘွဲ့၊ ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ သိပ္ပံ(ဂုဏ်ထူး)ဘွဲ့၊ ဒီပလိုမာဘွဲ့၊ မဟာဝိဇ္ဇာ/ မဟာသိပ္ပံဘွဲ့၊ မဟာဥပဒေဘွဲ့နှင့် မဟာသုတေသနဘွဲ့ အသီးသီးအတွက် ကောင်းစွာ အောင်မြင်ပေါက်မြောက်ခဲ့ကြသည့် မောင်မယ်များအား ဘွဲလက်မှတ်အသီးသီး အပ်နှင်းခဲ့ ကြောင်း သိသည်။

အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာ တင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးနိုင်လင်းအောင်၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(သင်တန်းရေးရာဌာန)၊ မော်ကွန်းထိန်း(စာမေးပွဲနှင့် ဘွဲ့နှင်းဌာန)၊ မော်ကွန်းထိန်း (ကျောင်းသားရေးရာဌာန)၊  ဖိတ်ကြား ထားသူများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

အဆိုပါ (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် နေ့သင်တန်းအတွက် နိုဝင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ အပိုင်း (၄)ပိုင်းခွဲပြီး တက်ရောက်ဘွဲ့ (၁၀၂၂)ဦး၊ အဝေးရောက်ဘွဲ့ (၉)ဦးကို လည်းကောင်း၊ အဝေးသင်-သင်တန်းအတွက် ဒီဇင်ဘာ ၁၀ ရက်မှ ၁၉ ရက်အထိ အပိုင်း (၁၂)ပိုင်းခွဲပြီး  တက်ရောက်ဘွဲ့ (၃၄၅၄)ဦး၊ အဝေးရောက်ဘွဲ့ (၂၆၄)ဦး၊  စုစုပေါင်း (၄၇၄၉)ဦးကို ဘွဲ့အပ်နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။


စိုးသီဟ(အမရ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)