တွံတေးမြို့၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွံတေးမြို့၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်





MNP ၊ နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်ထောက်ပံ့ငွေများအား ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ထောက်ပံ့ပေးရာတွင် နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်ငွေ တစ်လလျှင် (၁၀၀၀ဝိ/-) ကျပ်နှုန်းဖြင့် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ ဒုတိယသုံးလပတ် (၃) လစာအတွက် (၃၀၀၀ဝိ/-) ကျပ်ဆီကို ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၈၂၃)ဦးတို့အား တာဝန်ရှိသူတို့က အိမ်ရောက်လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မြို့ပေါ်အုန်းပင်စုရပ်ကွက်တွင် အသက် ၈၅ နှစ်အထက် အဘိုးအဘွား (၁၄)ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပထမသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ)အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ကျပ်စီ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။


တွံတေးသား

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)