ကုလသမဂ္ဂ၊ နိုဝင်ဘာ ၂၉
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဇုန်အတွင်း လူသားချင်းစာနာထောက်ထားမှုအဖြစ် ခေတ္တရပ်ထားမှုသည် အဖြေမဟုတ်ကြောင်းနှင့် ကုလသမဂ္ဂက အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံအားလုံးကို ချက်ချင်းလွှတ်ပေးရန် ဆက်လက်တောင်းဆိုထားကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားခဲ့သည်။
“အပစ်အခတ်ရပ်စဲရေးဟာ လမ်းကြောင်းမှန်ပေါ်ကို ခြေတစ်လှမ်း၊ မျှော်လင့်ချက်ရဲ့ သင်္ကေတတစ်ခု ဖြစ်ပေမယ့် ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အဓိက ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့တဲ့အတွက်ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လိုအပ်ကြောင်း တောင်းဆိုခဲ့ပြီး ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို ဦးတည်ခဲ့ပါတယ်။ ဓားစာခံအားလုံးကို ချက်ခြင်းပြန်လွှတ်ပေးရန်နှင့် ဂါဇာရှိလူအားလုံးအတွက် ထိရောက်သော လူသားချင်းစာနာမှုအကူအညီများရရှိရန် ဖြစ်နိုင်ချေရှိပါတယ်” ဟု အာဖရိကသမဂ္ဂကော်မရှင်ဥက္ကဋ္ဌ Moussa Faki Mahamat နှင့် ကုလသမဂ္ဂ အကြီးအကဲက ပူးတွဲညီလာခံတွင် ပြောကြားခဲ့သည်။
ဂါဇာကမ်းမြှောင်တွင် လေးရက်ကြာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ကာတာနှင့် အီဂျစ်တို့က ဖျန်ဖြေပေးခြင်းဖြင့် ဟားမတ်စ်က နိုဝင်ဘာ ၂၂ ရက်တွင် ကြေညာခဲ့သည်။ အစ္စရေး အကျဉ်းထောင်များမှ အသက် ၁၉ နှစ်အောက် အမျိုးသမီးနှင့် ကလေး ၁၅၀ ကို လဲလှယ်ရန်အတွက် ဂါဇာတွင် ထိန်းသိမ်းခံထားရသော အသက် ၁၉ နှစ်အောက် အမျိုးသမီးနှင့် ကလေး ၅၀ ကို လွှတ်ပေးရန် သဘောတူညီချက် ရရှိထားသည်။
အပစ်အခတ်ရပ်စဲရေးသည် နိုဝင်ဘာ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ဂါဇာကမ်းမြှောင်၌ အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ခဲ့ပြီး ပထမ ဓားစာခံအုပ်စုကို ထိုနေ့တွင်ပင် ပြန်လွှတ်ပေးခဲ့သည်။ အစ္စရေးနှင့် ဟားမတ်စ်တို့သည် ဖျန်ဖြေသူများမှတစ်ဆင့် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် နိုဝင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီမှ အထိ နှစ်ရက်ကြာ သဘောတူညီမှု ရရှိခဲ့သည်။
Ref - TASS
https://t.me/MyanmarNationalPost

No comments:
Post a Comment