MNP ၊ နိုဝင်ဘာ ၁၀
မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်၊ သုမိတ္တာ(၂၂)လမ်း၊ အမှတ်(၈၆၇)နေအိမ်ရှေ့တွင် ယနေ့ ည (၆ ၂၀) ဝန်းကျင်ခန့်က အမျိုးသမီး (၁)ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စိစစ်ခဲ့ရာ မအေးသဇင်နွယ်(၃၅)နှစ်(ဘ)ဦးသန်းတင်(ခန့်မြတ်ချယ် စိန်/ရွှေ ရတနာပစ္စည်းရောင်းဝယ်ရေး)သည် (ဈ)ဈေးရှိ ခန့်မြတ်ချယ်ဆိုင်မှ နေအိမ်သို့ ပြန်လာစဉ် ကားအား နေအိမ်အတွင်းသို့ နောက်ဆုတ်၍ ဝင်ရောက်စဉ် ဆိုင်ကယ်(၂)စီး ဖြင့် နီပိန်း ပဒက် အကြမ်းဖက်သမား ၃ကောင်က နေအိမ် ခြံစည်းရိုးဝင်းအတွင်း ဝင်ရောက်၍ မအေးသဇင်နွယ် အား သေနတ်ဖြင့် ပစ်ခတ်ပြီး စိန်၊ ရွှေ ပစ္စည်းများ ရယူသွားကြောင်း သိရသည်။
နီပိန်း ပဒက် အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် မအေးသဇင်နွယ် ဝဲလက်မောင်း ဖောက်ဝင်ဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)ထိမှန်ခဲ့ပြီး မအေးသဇင်နွယ် မှ သိမ်းဆည်းယူဆောင်လာသည့် စိန်/ရွှေထည်ပစ္စည်းမျိုးစုံ (စိစစ်ဆဲ/တန်ဘိုး ကျပ်သိန်း ၁၀၀၀၀ ခန့်)အား လုယူထွက်ပြေးသွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ဒေါ်အေးသဇင်နွယ် အား မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ကနဦးပို့ဆောင်ကုသပေးလျက် ရှိကြောင်း သိရသည်။
ယနေ့ည ၈ ၃၀ ဝန်းကျင်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ် ဥပဒေရုံးအနီးတွင် နီပိန်း ပဒက် အကြမ်းဖက်သမားများက ဖောက်ခွဲတိုက်ခိုက်မှု ၂ကြိမ် ပြုလုပ်ခဲ့ရာ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိဘဲ ဥပဒေရုံး အုတ်တံတိုင်း အနည်းငယ် ပျက်စီးမှုရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment