Pages

Pages

လဲချားတွင် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ



MNP ၊ နိုဝင်ဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပွဲကြီးကို ယနေ့နံနက် ၆ နာရီခွဲက  မဟာမြတ်မုနိဘုရားကြီး ရှေ့မှတဆင့် မြို့တွင်းပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းသို့ လောင်းလှူရာတွင် ဗုဒ္ဓရုပ်ပွားတော်အား ရှေ့ဆုံးမှပင့်ဆောင်၍ မြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များ၊ ရှင်သာမဏေများနှင့် မယ်သီလရှင်များ၊ စုစုပေါင်း အပါး(၁၂၀၀)ကျော်က မဟာမြတ်မုနိဘုရားကြီး ရှေ့မှစတင်ကာ ကျောင်းပန်အထိ ပြည်ထောင်စုလမ်းမကြီးတလျှောက် ကြွရောက်တော်မူခဲ့ကြပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့သူမြို့သားများ၊ ဈေးသူဈေးသားများနှင့် စေတနာရှင်အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းမျိုးစုံတို့ကို မြို့လုံးကျွတ်စည်ကား သိုက်မြိုက်စွာ စုပေါင်းလောင်းလှူခဲ့ကြသည်။

မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် ဆရာတော်အရှင်သူမြတ်များ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း၍ အေးချမ်းစွာ အလှူခံကြွနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကုသိုလ်ပြု ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment