မြန်မာ− ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရေး မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့နှင့် ရုရှား ရေတပ်သံ စုံတီးဝိုင်းအဖွဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိဗိမာန်၌ ဆက်လက်ဖျော်ဖြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ− ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရေး မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့နှင့် ရုရှား ရေတပ်သံ စုံတီးဝိုင်းအဖွဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိဗိမာန်၌ ဆက်လက်ဖျော်ဖြေ






MNP ၊ နိုဝင်ဘာ ၆

မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်အကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မြဲစေရန် ရည်ရွယ်၍  မြန်မာ− ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရေး မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့နှင့် ရုရှား ရေတပ်သံစုံတီးဝိုင်းအဖွဲ့ ဖျော်ဖြေပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်  ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဉီးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E.Mr.Iskandar Azizov၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။


ဖျော်ဖြေပွဲတွင် မြန်မာ−ရုရှားနှစ်နိုင်ငံ ချစ်ကြည်ရေး မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့နှင့် ရုရှားရေတပ် သံစုံတီးဝိုင်အဖွဲ့တို့မှ အနုပညာရှင်များက ဖျော်ဖြေကြရာ ရုရှားရေတပ်သံစုံ တီးဝိုင်းအဖွဲ့က ရုရှားသီချင်းများ၊ အကအလှများ အပါအဝင် မြန်မာတေးသီချင်းကို လည်းကောင်း၊ မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့  မြဝတီတေးဂီတအဖွဲ့က ဆန်းသစ်လှပ ပုဂံယိမ်းအက အပါအဝင် ရုရှားတေးသီချင်းဖြစ်သည့် Katyuha သီချင်းနှင့်  Kalinka တေးသီချင်းတို့အား မြန်မာ့ရိုးရာတူရိယာပစ္စည်းများဖြစ်သည့် မြန်မာ့ဆိုင်းဝိုင်းကြီးနှင့် မြိုင်ဆိုင်စွာတီးခတ်ပြီး ရုရှားတေးသီချင်းဖြစ်သည့် Ar Thi Na Si Me Yar ကို သီဆို၍ လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ကြသည်။


ဖျော်ဖြေမှုများအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရုရှားရေတပ်သံစုံတီးဝိုင်း အဖွဲ့အားလည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့ မြဝတီတေးဂီတအဖွဲ့အား လည်းကောင်း ဂုဏ်ပြုပန်းခြင်းများနှင့် လက်ဆောင်ပစ္စည်းများ အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး နှစ်နိုင်ငံယဉ်ကျေးမှုအဖွဲ့များနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက် ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)