Pages

Pages

ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့ က ယာယီ အပစ်အခတ် ရပ်စဲရေးအတွက် နိုင်ငံခြား ဓားစာခံများ လွှတ်ပေးမည်ဟုဆို



ကိုင်ရို၊ နိုဝင်ဘာ ၅

အစ္စရေးနှင့် ဂါဇာကမ်းမြှောင်တွင် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် အောင်မြင်ပါက ပြည်ပမှ ဓားစာခံများကို လွှတ်ပေးမည်ဟု ပါလက်စတိုင်း အစ္စလာမ္မစ်ဂျီဟတ် အစွန်းရောက် လှုပ်ရှားသူများက ပြောကြားခဲ့ကြောင်း Al Arabiya ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။

ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိပါက နိုင်ငံခြား အရပ်ဘက် ဓားစာခံများကို လွှတ်ပေးမည် ဖြစ်ကြောင်း အစွန်းရောက်သမားများ၏ ပြောကြားချက်ကို ကိုးကား၍ ရုပ်သံလိုင်းမှ ပြောဆိုသည်။

ဂါဇာကမ်းမြှောင်တွင် ဓားစာခံ ၂၄၂ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီက နိုဝင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။


Ref - TASS

https://t.me/MyanmarNationalPost 

No comments:

Post a Comment