Pages

Pages

ကွမ်လုံမြို့နယ်တွင်းမှ ထွက်ပြေးနိုင်ခြင်းမရှိသော ဗမာ၊ ရှမ်း သက်ကြီးရွယ်အိုများကို MNDAA သောင်းကျန်းသူများက သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိ



MNP ၊ နိုဝင်ဘာ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်လုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသော ကျေးရွာများမှ ထွက်ပြေး တိမ်းရှောင်နိုင်ခြင်းမရှိသော ရှမ်းလူမျိုး၊ ဗမာလူမျိုး အသက်ကြီးအဖိုးအဖွားများနှင့် ကလေးငယ်တွေကို ထွက်မပြေးရကောင်းလားဆိုပြီး MNDAA အကြမ်းဖက်အဖွဲ့က သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိကြောင်း သိရသည်။

တချို့ကလည်း တကယ်မပြေးနိုင်လို့ မပြေးကြတာဖြစ်ပြီး တချိုကလည်း အိမ်နဲ့ခြံကို ပစ်မထားခဲ့နိုင်တာကြောင့် ထွက်မပြေးဘဲ ဆက်လက်နေထိုင်ကြခြင်းဖြစ်ကြောင်း၊ ယခုရက်ပိုင်းအတွင်း MNDAA အကြမ်းဖက် သောင်းကျန်းသူများက ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်မှုများ ဆိုးရွားစွာ ကျူးလွန်နေကြောင်း သိရသည်။

MNDAA အကြမ်းဖက်သောင်းကျန်းသူများသည် မြန်မာ - တရုတ် နှစ်နိုင်ငံ ပဋိပက္ခြဖ်စပေါ်စေရန် တရုတ်ပြည်ဘက်သို့ ပစ်ခတ်မှုများ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သော အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment