MNP ၊ နိုဝင်ဘာ ၂၈
ရန်ကုန်မြို့ပေါ်တွင် CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ လှုံ့ဆော်မှုများကို ပြည်သူလူထုကြား ဖြန့်ဝေလှုံ့ဆော်လျက်ရှိသော မြေအောက်လှုပ်ရှားမှု(UG) ပြုလုပ်သူ ၅၈ ဦး ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြည်ပမှ အကြမ်းဖက်လှုံ့ဆော်သူများကလည်း မြေအောက်လှုပ်ရှားသူများ ဖမ်းဆီးခံလိုက်ရသည့် အခြေအနေကို ရေးသားဖော်ပြမှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့က မြောက်ဒဂုံ ၄၀ ရပ်ကွက်ရှိ ပျံကျဈေးတစ်ခုတွင် NLD မှ မြေအောက်လှုပ်ရှားသူ နန်းလင်း ဦးဆောင်သော လူ ၇ဦးခန့်က ဈေးသည်များကြားတွင် အကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပျံကျဈေးကို ဖယ်ရှားခဲ့ပြီး မြေအောက်လှုပ်ရှားသူများကို ဖော်ထုတ်ထိန်းသိမ်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ရဲအရာရှိဟောင်းတစ်ဦး က "မြို့နယ်အလိုက် UG လှုပ်ရှားသူတွေကို စောင့်ကြည့်တဲ့တာဝန်ယူရသူက သက်သက်ရှိပါတယ်။ အဲဒီလို လုပ်တတ်သူတွေကို စောင့်ကြည့်နေတယ်။ ဖမ်းမယ်ဆိုရင်လည်း အသာတကြည်ဖမ်းလိုက်နိုင်ပါတယ်။ ဘယ်လောက်အထိ လှုပ်ရှားမလဲ စောင့်ကြည့်ပြီး လွှတ်ထားတာမျိုးလည်း ရှိပါတယ်။ လုပ်ချင်တိုင်း လုပ်လို့ မရတာတော့ သေချာတယ်။ သက်ဆိုင်ရာ မြို့နယ်အလိုက် တာဝန်ယူထားသူတွေက အလုပ် လုပ်တယ်ဆိုရင်တော့ မြေပေါ်၊ မြေအောက် ဘယ်လိုပဲ လှုပ်ရှားပါစေ မလွတ်ပါဘူး။ တခါတလေ သူတို့ လုပ်ချင်ရာကို လုပ်ဖို့ မြှောက်ပေးတာတောင် ရှိတယ်။ ပြီးမှ ကောက်ဖမ်းခိုင်းလိုက်တဲ့ ပုံစံမျိုး လုပ်လို့လည်း ရပါတယ်။" ဟု ပြောသည်။
တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ (၂၄)နာရီအတွင်း မြေအောက်လှုပ်ရှားသူ ၅၈ ဦး အထိ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment