MNP ၊ နိုဝင်ဘာ ၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ လိုက်ပါလျက် မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ရုံးတည်ဆောက်ထားရှိမှု၊ ပြင်ဆင်ထားရှိမှုအခြေအနေနှင့် ရုံးခန်းဖွဲ့စည်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်ရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာအောင်က မြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ထားမှု၊ ပါတီဝင်အင်အား စာရင်းများ မှန်ကန်စေရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ ရုံးအတွင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်ကို
https://t.me/MyanmarNationalPost
No comments:
Post a Comment