မင်္ဂလာတောင်ညွန့်မြို့နယ် အ.ထ.က(၄)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်္ဂလာတောင်ညွန့်မြို့နယ် အ.ထ.က(၄)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

MNP ၊နိုဝင်ဘာ ၃၀



ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူငယ်များစာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများနှင့် ပြည့်စုံစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရန်နှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ မင်္ဂလာသီရိခန်းမ၌ ကျင်းပခဲ့သည်။ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်မှ အဖွင့်အမှာစကားနှင့် လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်နှင်းသန္တာဝင်းတို့က ဆောင်ရွက်ခဲ့ပြီး လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် မောင်မင်းဟိန်းကျော်ကလည်းကောင်း၊ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် မောင်ထက်မြက်ကျော်ကလည်းကောင်း၊ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် မောင်မင်းထက်အောင်ကလည်းကောင်း၊ လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် မောင်သူရိန်အောင်ကလည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် မောင်ဝေယံအောင်ကလည်းကောင်း၊ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် မောင်မင်းခန့်ဟိန်းကလည်းကောင်း ကျောင်းသား(၆)ဦးက ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသည့် ကျောင်းသားများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့သည်။ထို့နောက် ပါဝင်ဆွေးနွေးပေးကြသော ကျောင်းသားများကို ရန်ကုန်အရှေ့ပိုင်းခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှုး၊ မြို့နယ်ထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှုးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က အမှတ်တရလက်ဆောင်များ ချီးမြှင့်ခဲ့ပြီး အ.ထ.က(၄) ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာလှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များကို တက်‌ရောက်လာကြသော ကျောင်းသားများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)