တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် ငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန် ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် ငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန် ဖမ်းဆီးရမိ


MNP ၊ နိုဝင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် ငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီ တွင် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတွင် ရေးမှ ထားဝယ်ဘက်သို့ ခင်ဇော် မောင်းနှင်ပြီး အောင်ကျော်ဦး လိုက်ပါလာသည့် SINOTRUK TIPPER မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန် သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ချက်အရ နိုဝင်ဘာ ၂၃ ရက် ညနေ ၅ နာရီတွင် ဖမ်းမိကက်တမင်းများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မနီနီလှိုင်ကို ဘားအံ-မော်လမြိုင်ကားလမ်း ဇာသပြင် တံတားအနီး၌ TOYOTA LANDC- RUISER မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိ ခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးကက်တမင်းများကို ရှမ်း ပြည်နယ်မှ တနင်္သာရီတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)