ကျွန်းလှမြို့ လျှပ်စစ်ရုံးမှ CDM ဝန်ထမ်း PDF အကြမ်းဖက်ခေါင်းဆောင် ရဲဝင်းနိုင် ပါ (၇)ဦး ကောလင်း တိုက်ပွဲတွင် သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့ လျှပ်စစ်ရုံးမှ CDM ဝန်ထမ်း PDF အကြမ်းဖက်ခေါင်းဆောင် ရဲဝင်းနိုင် ပါ (၇)ဦး ကောလင်း တိုက်ပွဲတွင် သေဆုံး



MNP ၊ နိုဝင်ဘာ ၆

ကောလင်းမြို့နယ်အတွင်း KIA,PDF အကြမ်းဖက်သမားများ ဆိုးရွားစွာ သောင်းကျန်းနေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် နှိမ်နင်းလျက်ရှိရာ ကျွန်းလှမြို့နယ်မှ လျှပ်စစ်ရုံးဝန်ထမ်း CDM ပြုလုပ်ကာ ထွက်သွားခဲ့ပြီး PDF အကြမ်းဖက်ခေါင်းဆောင်ဖြစ်နေသည့် ရဲဝင်းနိုင် (ခ)ငရဲ အပါအဝင် ကုက္ကိုကုန်းရွားသား ၇ ဦး သေဆုံးသွားကြောင်း သိရသည်။

ကောလင်းမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA/PDF/AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ဖြစ်ပေါ်လျက်ရှိသည့် တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာရ အကြမ်းဖက်သမားများကို ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာ တိုက်နယ်ဆေးရုံတွင် CDM ဆရာဝန်များက ဆေးကုသပေးနေခြင်းဖြစ်သည်။

ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည် ရေဝပ်ဧရိယာအတွင်းရှိ တရားမဝင်ရွှေကျင်စက်များ မှ တန်ဆည်မြို့နယ်၊ ကျွန်းလှမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ကောလင်းမြို့နယ်များရှိ အကြမ်းဖတ်အဖွဲ့စည်းများအတွက် အဓိကငွေကြေးကောက်ခံ ရရှိနေသဖြင့် KIA/PDF အကြမ်းဖက်သောင်းကျန်းသူများ ကပ်ခိုနေခြင်းဖြစ်ကြောင်း၊ ဖိဖိစီးစီး ပြင်းပြင်းထန်ထန် နှိမ်နင်းပါမှ အကြမ်းဖက်သောင်းကျန်းသူများ ပြန်ကပ်မလာမှာ ဖြစ်သည့်အတွက် ပြတ်သားစွာ နှိမ်နင်းဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံတစ်ဦးက ဆက်သွယ်ပြောဆိုသည်။

 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)