KIA, MNDAA, TNLA, AA နှင့် PDF အပါအဝင် အကြမ်းဖက်သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချကြောင်း မန္တလေးမြို့တွင် ဆန္ဒပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KIA, MNDAA, TNLA, AA နှင့် PDF အပါအဝင် အကြမ်းဖက်သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချကြောင်း မန္တလေးမြို့တွင် ဆန္ဒပြ




MNP ၊ နိုဝင်ဘာ ၁၄

အမျိုးသားရေးဦးဆောင်ဆရာတော် တောင်သာလေး ဆရာတော် ဦးအဂ္ဂဓဇနှင့် သံဃာတော်များ၊ တပ်မတော်ချစ်မြတ်နိုးသူများအဖွဲ့(မန္တလေး)မှ ဦးချစ်ကိုကိုတို့ ဦးဆောင်သော ပြည်သူစုစုပေါင်း ၂၀၀၀ ခန့်သည် တပ်မတော်၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုအားထောက်ခံသည့် ရည်ရွယ်ချက်ဖြင့် တပ်မတော်ထောက်ခံချီတက်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက မန္တလေးတောင်ခြေရှိ ၁၂ လမ်း၊ ၆၆ လမ်းထောင့်တွင် ပြုလုပ်ကြသည်။

ရှေးဦးစွာ ထောက်ခံချီတက်ကြသူများသည် ၁၂ လမ်း၊ ၆၆ လမ်းစုရပ်မှ ၁၂ လမ်းအတိုင်း အနောက်ဘက်သို့ ချီတက်ကြပြီး နိုင်ငံတော်အလံများ ကိုင်ဆောင်ထားသူများက ဦးဆောင်၍ NCA ကို ဆန့်ကျင်ပြီး စစ်ပွဲကိုခေါ်ယူခဲ့သည့် KIA ၊ AA ၊ TNLA ၊ MNDAA ၊ BPLA နှင့် အကြမ်းဖက် PDF တို့ကို ဆန့်ကျင်ရှုံ့ချခြင်းနှင့် ရှေ့တန်းရောက်တပ်မတော်သားများအား အားပေးထောက်ခံခြင်းစာသားများ ပါရှိသည့် ပိုစတာဗီနိုင်းဆိုင်းဘုတ်များအား ကိုင်ဆောင်ပြီး "ကျောင်းသားလူငယ်များအား လမ်းမှား ရောက်အောင် ပို့ဆောင်နေသော ဘုံရန်သူ KIA/KIO အလိုမရှိ၊ AA အလိုမရှိ၊ MNDAA အလိုမရှိ၊ လူသတ်အကြမ်းဖက် PDF ကျဆုံးပါစေ၊ စွန့်လွှတ်စွန့်စား တပ်မတော်သားများအောင်မြင်ပါစေ၊ ရှေ့တန်းရောက်တပ်မတော်သားများ အောင်မြင်ပါစေ" စသည့်ကြွေးကြော်သံများကြွေးကြော်ကာ ရွှေမန်းတောင်အားကစားကွင်းသို့ ချီတက် ဆန္ဒထုတ်ဖော်ကြသည်။

ထို့နောက် နိုင်ငံတော်အလံအား စုပေါင်းအလေးပြုကြသည်။ ဆက်လက်၍ အမျိုးသားရေးဦးဆောင်သူ တောင်သာလေးဆရာတော် ဦးအဂ္ဂဓဇက ထောက်ခံပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍သြဝါဒမိန့်ကြားပြီး တပ်မတော်ချစ်မြတ်နိုးသူများ  (မန္တလေး) အဖွဲ့ဝင် ဦးမျိုးချစ်က တပ်မတော်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုကို ထောက်ခံကြောင်းနှင့် အကြမ်းဖက်လုပ်ငန်းများအား ရှုတ်ချကြောင်း ဟောပြောကာ ကြွေးကြော်သံများ ကြွေးကြော်ကာ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


အောင်စံသား

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)