Pages

Pages

ကောလင်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲသည့် KIA/PDF အကြမ်းဖက်သမားများ အကျအဆုံးများ



MNP ၊ နိုဝင်ဘာ ၁၁

ကောလင်းမြို့နယ်အား မြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဟု ကြုံးဝါးခဲ့သော KIA/PDF အကြမ်းဖက်သမားများမှာ အကျအဆုံးများစွာဖြင့် ဆုတ်ခွါထွက်ပြေးသွားရပြီဖြစ်ကြောင်း သိရသည်။

Kawlin Revolution-KR အမည်ဖြင့် အကြမ်းဖက်လှုပ်ရှားမှု သတင်းများ ဖော်ပြနေသည့် facebook စာမျက်နှာ profile ကို အနက်ရောင် ပြောင်းထားပြီး အကျအဆုံးများစွာဖြစ်ပေါ်ခဲ့ရသည်ကို ဖော်ပြထားသည်။

လေ့လာသူ တစ်ဦးက "ပြည်ပြေး ဝရမ်းပြေးတွေနဲ့ အကြမ်းဖက်သမားတွေ facebook မှာ profile အနက်ရောင်ချိန်းသွားပြီဆိုရင်တော့ သေချာတယ်။ ဒီကောင်တွေ အသေဆိုးနဲ့ သေနေကြပြီ။ ခွေးပြေး ပြေးနေရပြီ။ အဲဒါ တစ်ခုကတော့ သူတို့ မလိမ်ဘူး။ မျက်ရည်ခြူမယ့် အချိန်ကို ရောက်လာပြီ။ သူတို့ ဘက်က အသာစီးရနေရင် မြို့အဝင် ဆိုင်းဘုတ်နားမှာ ဓာတ်ပုံမှတ်တမ်းယူပြီး အောင်ပွဲခံပြမယ်။ ခွေးရူးကောင်းစား တစ်မွန်းတည့် ဆိုသလိုပေါ့။ သူတို့ အောင်ပွဲတွေက ဘယ်တော့မှ ၃ရက်မကြာဘူး။ profile တွေ အနက်ရောင်ချိန်းထားပြီဆိုရင်တော့ KIA/PDF အကျအဆုံးများနေတာ သေချာပါတယ်။" ဟု ဆိုသည်။

အကြမ်းဖက်သမားများ၏ Kawlin Revolution-KR စာမျက်နှာက ၎င်းတို့အား တပ်မတော်က လေကြောင်းမှ နှိမ်နင်းသွားခဲ့ပုံများကိုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment