MNP ၊ နိုဝင်ဘာ
KIA/PDF အကြမ်းဖက်အဖွဲ့များသည် ကောလင်းမြို့ပေါ်တွင် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ကြပြီး ကောလင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ ငွေကျပ်သိန်းပေါင်း ၉၅၀၀၀ ကျော် ကို ဓားမြတိုက် ယူဆောင်သွားကြောင်း သိရသည်။
ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့နှင့် KIA သည် ပူးပေါင်းလှုပ်ရှားနေခြင်းဖြစ်ပြီး အများပြည်သူထံမှ လုယက် ဓားမြတိုက်မှုများလည်း ကျူးလွန်လျက်ရှိသည်။
နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ ထီးချိုင့်မြို့အတွင်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသော KIA/PDF အကြမ်းဖက်သမားများကို နှိမ်နင်းနိုင်ခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့ပြီး ကောလင်းမြို့နယ်အခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ခြင်း မရှိသေးပေ။
https://t.me/MyanmarNationalPost
No comments:
Post a Comment