MNP ၊ နိုဝင်ဘာ ၅
ကောလင်းမြို့နယ်အတွင်း တပ်မတော်သားများနှင့် KIA/PDF အကြမ်းဖက်အဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး ဒဏ်ရာ KIA/PDF အကြမ်းဖက်သမားများကို ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာအုပ်စုရှိ တိုက်နယ်ဆေးရုံသို့ ပြောင်းရွှေ့၍ CDM ဆရာဝန်များက ကုသမပေးနေကြောင်း သိရသည်။
ကောလင်းမြို့နှင့် ၁၆မိုင်ခန့် ဝေးသော ဥက္ကံရွာ၊ မိုးနံရွာ၊ သုဝဏ္ဏရွာ၊ ချောင်းနားရွာတို့တွင် အထိုင်ချထားသော KIA/PDF အကြမ်းဖက်အဖွဲ့များသည် မူလက ဥက္ကံမိုးနံ ဆေးရုံတွင် ကုသနေကြခြင်းဖြစ်ပြီး တပ်မတော်က လေကြောင်းမှ ပစ်ခတ်မည်ကို စိုးရိမ်ကြောက်လန့်ပြီး ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာရှိ တိုက်နယ်ဆေးရုံသို့ ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း သိရသည်။
ထိတွေ့မှုဖြစ်စဉ်အတွင်း KIA/PDF အကြမ်းဖက်သမားများ သေဆုံး၊ ဒဏ်ရာရများပြားလျက်ရှိပြီး ဆေးကုသမှု ခံယူနေကြကာ ထိခိုက်ဒဏ်ရာရမှု မရှိသော KIA/PDF အကြမ်းဖက်အဖွဲ့ဝင်များက ကုက္ကိုကုန်းရွာတွင် လက်လုပ်စိန်ပြောင်းကျည်များ ပြုလုပ်လျက်ရှိကြောင်း ဒေသခံ ပြောသည်။
ကောလင်း၊ ကျွန်းလှ၊ တန့်ဆည်၊ ကန့်ဘလူ PDF များအတွက် အဓိက ငွေရရှိနေသည့် လုပ်ငန်းများမှာ သဖန်းဆိပ်ဆည်အတွင်း တရားမဝင် ရွှေတူးဖော်ခြင်းနှင့် ရေနံတွင်းများမှ ရရှိနေခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၅လခန့်က တရားမဝင် ရွှေမျောတချို့ကို ဖမ်းဆီးဆောင်ရွက်နိုင်ခဲ့သော်လည်း ထောင်နှင့်ချီသော ရွှေမျောများ ရှိနေဆဲဖြစ်ကြောင်း ဒေသခံက ဆက်သွယ်ပြောဆိုခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment