MNP ၊ နိုဝင်ဘာ ၂၆
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ နှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ အား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ခရိုင်စိုက်ပျိုးရေးရုံး၌ ပေါက်ကွဲမှု ဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ခရိုင်စိုက်ပျိုးရေး ရုံးဝင်းအတွင်းရှိ “မြတ်ဇေယျာ”ခန်းမအတွင်း PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်း တစ်လုံးထောင်ကာ ဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် “မြတ်ဇေယျာ” ခန်းမ အမိုးသွပ် ၂၀ ချပ်၊ ပြတင်းတံခါးမှန် ၄၀ ချပ် (ခန့်မှန်းတန်ဖိုး ၈ သိန်းကျပ်ခန့်) ပျက်စီးဆုံးရှုံး ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment