ဖြူးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအတွင်းသို့ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က စိန်ပြောင်းဖြင့်ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖြူးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအတွင်းသို့ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က စိန်ပြောင်းဖြင့်ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ


MNP ၊ နိုဝင်ဘာ ၂၇

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ် သည့် အပြစ်မဲ့အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင် လျက်ရှိပါသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးစထိမှန်ဒဏ်ရာများဖြင့် သေဆုံးသူနှစ်ဦးနှင့် ဒဏ်ရာ ရရှိထားသူနှစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ဖြူးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ နေသူများဖြစ်သည့် ဒေါ်ပြားဝင်း(၆၀)နှစ်နှင့် ဒေါ်စန်းမှီ(၆၀)နှစ်တို့သည် ဗုံးသီးစထိမှန်ဒဏ်ရာ များဖြင့် သေဆုံးနေပြီး ဒေါ်ငြိမ်းမှုံ (၈၅)နှစ်နှင့် မောင်ထက်အာကာလင်း (၉)နှစ်တို့တွင် လက်နှင့် ကျောတို့၌ ဗုံးသီးစထိမှန်ဒဏ်ရာများ ရရှိထား သည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ည ၇ နာရီခန့်တွင် ၎င်းတို့၏နေအိမ်များ၌ ရှိနေစဉ် ကျေးရွာအတွင်းသို့ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့သည့် စိန်ပြောင်းဗုံးသီးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာ ရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)