အကြမ်းဖက်မှုကို လိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက် သမားများက ပြည်သူများနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူငါးဦး ထိခိုက်ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်မှုကို လိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက် သမားများက ပြည်သူများနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူငါးဦး ထိခိုက်ဒဏ်ရာရ



MNP ၊ နိုဝင်ဘာ ၉

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ် သည့် အပြစ်မဲ့အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများ နှင့် ဝန်ထမ်းအိမ်ရာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ် များအား လုပ်ဆောင်လျက်ရှိပါသည်။


ထိုသို့လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး၌ ဗုံးသီးစထိမှန်ဒဏ်ရာရရှိထားသည့် အမျိုးသားတစ်ဦးရောက်ရှိ နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ ဈေးရုံဗိုလ်တဲရပ်ကွက်နေ ဦးအောင်စည်ဟိန်း(၃၁)နှစ်တွင် ယာလက်မောင်း၌ ဗုံးသီးစ ထိမှန်ဒဏ်ရာတစ်ချက်ရရှိထားသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီတွင် နေအိမ်၌ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် စိန်ပြောင်းဗုံးသီးတစ်လုံး နေအိမ်အတွင်းကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


အလားတူ ည ၈ နာရီ ၄၀ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကြံခင်းကျေးရွာ အတွင်း မံပုံ-ကြံခင်းကျေးရွာသွားကားလမ်းပေါ်သို့ KIA အဖွဲ့မှအကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် စိန်ပြောင်းဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲ ခဲ့သဖြင့် ကြံခင်းကျေးရွာနေသူများဖြစ်သည့် ဦးမောင်ဆိုင် (၅၀)နှစ်၊ ကိုနိုင်လင်းဦး (၂၅)နှစ်၊ ဒေါ်လွန့်ဖိန် (၅၀)နှစ်နှင့် ဒေါ်လှယုံ(၄၂)နှစ်တို့တွင် ဗုံးသီးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် မိုးမောက် မြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)