MNP ၊ နိုဝင်ဘာ ၉
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ ပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် မန္တလေးတိုင်း ဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကသဲကျေးရွာသို့ PDF အမည်ခံအကြမ်းဖက်သမားရှစ်ဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး အဆိုပါကျေးရွာနေသူများဖြစ်သည့် ဦးစိုးမြင့်(၅၃)နှစ် နှင့် ဦးမျိုးဝင်း(၄၂)နှစ်တို့အား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ဦးစိုးမြင့်တွင် ယာမျက်ခုံးအထက်မှ ကျည်ဖောက်ဝင်ပြီး ဦးခေါင်းနောက်စေ့ကျည် ဖောက်ထွက်ဒဏ်ရာတစ်ချက်၊ ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ လေးချက်ဖြင့်လည်းကောင်း၊ ဦးမျိုးဝင်းတွင် ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာလေးချက်ဖြင့်လည်းကောင်း ၎င်းတို့၏နေအိမ်များ၌ သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် သေဆုံးသူများ၏အလောင်းများအား ကျပ်ပြင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ပြီး အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်လျက်ရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment