MNP ၊ နိုဝင်ဘာ ၉
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ နှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ အား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာနေ ဦးဝင်းဇော်(၅၅)နှစ်သည် ကျေးရွာ၏အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာရှိ ရွှေဖြူရာဘာခြံသို့ ရာဘာစေးခြစ်ရန် တစ်ဦးတည်းဆိုင်ကယ်ဖြင့်သွားစဉ် တောလမ်း ပေါ်အရောက်၌ အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်နင်းမိုင်းတစ်လုံးအား ဆိုင်ကယ်ဖြင့် နင်းမိပေါက်ကွဲခဲ့ရာ ဦးဝင်းဇော်တွင် ယာဘက်လက်နှင့် ခြေထောက်တို့၌ မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment