TNLA အဖွဲ့နှင့်PDF အမည်ခံပူးပေါင်းအကြမ်းဖက်သမားများက တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ သဘာဝဓာတ်ငွေ့နှင့် ရေနံစိမ်းများ ပို့လွှတ်သည့် ပိုက်လိုင်းစီမံကိန်းအား နှောင့်ယှက်ဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

TNLA အဖွဲ့နှင့်PDF အမည်ခံပူးပေါင်းအကြမ်းဖက်သမားများက တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ သဘာဝဓာတ်ငွေ့နှင့် ရေနံစိမ်းများ ပို့လွှတ်သည့် ပိုက်လိုင်းစီမံကိန်းအား နှောင့်ယှက်ဖျက်ဆီး










MNP ၊ နိုဝင်ဘာ ၂၅

TNLA အဖွဲ့နှင့်PDF အမည်ခံပူးပေါင်းအကြမ်းဖက်သမားများသည် ဒေသအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန် အတွက် အကြမ်းဖက် လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သဘာဝဓာတ်ငွေ့ နှင့် ရေနံစိမ်းများ  ပို့လွှတ်လျက်ရှိသည့် ပိုက်လိုင်းတွင် အဓိကကျသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ဇီပင်ကျေးရွာအနီးရှိ ထိန်းချုပ်ရေးစခန်းအား TNLA အကြမ်းဖက်သမားများက နိုဝင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ဝင်ရောက်နေထိုင်ခဲ့ပြီး  ထိန်းချုပ်ရေးစခန်းရှိ ထိန်းချုပ်ရေးပစ္စည်းများ ထိခိုက်စေရန် ရည်ရွယ်၍ ဖျက်ဆီးမှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အကြမ်းဖက်သမားများ၏ စစ်ရေးနှင့်မသက်ဆိုင်သည့် အကြမ်းဖက် လုပ်ရပ်များကြောင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သဘာဝဓာတ်ငွေ့နှင့် ရေနံစိမ်းများ ပို့လွှတ်ခဲ့ရာတွင် ထိခိုက်မှုရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်အနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)