နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအောင်ခိုင်ဆွေ လယ်ဝေးမြို့Top One ကိုယ်ပိုင်အထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုနှင့် Biometric Data ကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအောင်ခိုင်ဆွေ လယ်ဝေးမြို့Top One ကိုယ်ပိုင်အထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုနှင့် Biometric Data ကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှု




MNP ၊ နိုဝင်ဘာ ၂၃

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ Top One ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူလေးများအား နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုနှင့် Biometric Data ကောက်ယူနေမှုများအား ယမန်နေ့နေ့လယ်ပိုင်းက နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအောင်ခိုင်ဆွေ လာရောက်ကြည့်ရှု အားပေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးအောင်ခိုင်ဆွေက ကျောင်းသားကျောင်းသူလေးများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ရန် လိုအပ်သည့်အချက်အလက်များ ဖြည့်စွက်နေမှုအား ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်အရေးပါပုံကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အသက် ၁၀ နှစ်အထက်ကျောင်းသားကျောင်းသူများနှင့် အမှတ် ၅ ရပ်ကွက်မှ ပြည်သူများအား Biometric Data ကောက်ယူခြင်း လုပ်ငန်းများအား စစ်ဆေးကြည့်ရှုရာ လယ်ဝေးခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သက်နှင့် မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။


ဝေကြည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)