အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏ (၃၅) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် (၂၂) ကြိမ်မြောက် အထွေထွေညီလာခံသို့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏ (၃၅) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် (၂၂) ကြိမ်မြောက် အထွေထွေညီလာခံသို့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့ တက်ရောက်


MNP ၊ နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် (ငြိမ်း) ဦးစီးသော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ မနီလာမြို့၌ နိုဝင်ဘာလ ၂၇ ရက်တွင် ကျင်းပသော အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏ (၃၅) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသို့ တက်ရောက် ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ VECONAC အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် (၂၂) ကြိမ်မြောက် အထွေထွေညီလာခံသို့ တင်သွင်းမည့် ဆုံးဖြတ်ချက် ၁၀ ချက်ကို ပြန်လည် သုံးသပ်ခြင်းနှင့်ဆွေးနွေးခြင်းများ ဆောင်ရွက်၍ ဆုံးဖြတ်ချက် ၉ ချက်အား အတည်ပြုရန် ဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက် အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏(၂၂) ကြိမ်မြောက် အထွေထွေညီလာခံကို ယနေ့တွင် ကျင်းပရာ  VECONAC အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌများနှင့်ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လေ့လာသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံအလိုက် အစီရင်ခံစာတင်သွင်းခြင်း အစီအစဉ်တွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၏အစီရင်ခံ စာကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်(ငြိမ်း) က ဖတ်ကြားတင်သွင်းဆွေးနွေးခဲ့သည်။

အဆိုပါအထွေထွေညီလာခံ၌ အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၅) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည့် ဆုံးဖြတ်ချက် ၉ ချက်အား အတည်ပြုကြပြီး VECONAC အဖွဲ့ဝင် ၁၀ နိုင်ငံက ပူးတွဲ ကြေငြာချက်တွင် လက်မှတ်ရေးထိုး မှတ်တမ်းတင်ခဲ့ကြောင်း သတင်းရရှိသည်။  


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)