(၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိုလှုပ်ရှားမှု ဆေးကုသခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိုလှုပ်ရှားမှု ဆေးကုသခြင်း ဆောင်ရွက်



MNP ၊ ဒီဇင်ဘာ ၁၆

(၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိုလှုပ်ရှားမှုဆေးကုသခြင်းကို ယနေ့တွင် နေပြည်တော်အမျိုးသားပရဆေးဥယျာဉ်ရှိ ခုတင် (၁၀၀) ဆံ့တိုင်းရင်းဆေးရုံ၊ ပြင်ပလူနာဌာနခွဲ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဉက္ကဋ္ဌ၊ မြန်မာ နိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာ အသင်းဉက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးကြပြီး အမျိုးသားပရဆေးဥယျာဉ်အတွင်း စိုက်ပျိုးထားရှိသည့် ဆေးဖက်ဝင်ပရဆေးပင်များကို လှည့်လည်ကြည့်ရှုကြသည်။


အဆိုပါအကြိုလှုပ်ရှားမှုဆေးကုသခြင်းတွင် ခုတင် (၁၀၀) ဆံ့တိုင်းရင်းဆေးရုံ၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချို ဦးဆောင်သော တိုင်းရင်းဆေးပညာရှင်များက သွေးတိုး၊ ဆီးချို၊ လေငန်း၊ လေဖြန်း၊ ပါးရွဲ့ရောဂါများ၊ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်းရောဂါများ၊ အဆစ်ရောင်၊ အဆစ်နာရောဂါများ၊ မီးယပ်ရောဂါများ၊ ကလေးသူငယ်နာရောဂါများ၊ လိပ်ခေါင်း၊ ဂရင်ဂျီနာနှင့် အနာပေါက်ရောဂါများ၊ ရာသီတုပ်ကွေးနှင့် အဖျားရောဂါစသဖြင့် စုစုပေါင်းလူနာ (၂၇၀) ကို လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုများအဖြစ် သောက်ဆေး၊ လိမ်းဆေး၊ အကြောပြင်ကုသခြင်း၊ ကြပ်ထုပ်ထိုးကုသခြင်း နှင့် ဆေးစည်းဆေးကပ်ခြင်းစသည့် ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြပြီး နေပြည်တော်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှူး၊ ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှူးတို့ ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြသည်။


(၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာ ၂၀ မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး တိုင်းဒေသကြီး၊  ပြည်နယ် များမှ တိုင်းရင်းဆေးဆရာကြီးများ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)