MNP ၊ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကျပ်ပြင်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ကျပ်ပြင်)၌ ယမန်နေ့က မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာနှင့် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း အသိပညာပေး ဟောပြောပွဲအား ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးဒေါ်မြင့်မြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကြက်ခြေနီ၏အဓိပ္ပာယ်၊ ကြက်ခြေနီအကြောင်းသိကောင်းစရာနှင့် ရှေးဦးပြုစုခြင်းအခြေခံသဘောတရားများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဦးဆောင်၍ ကြက်ခြေနီနည်းပြဆရာ/ဆရာမများ လူငယ်ကြက်ခြေနီကော်မတီဝင်များက လူနာဆန်းစစ်ခြင်း၊ ဦးစားပေးလူနာရွေးချယ်ခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အဆိတ်မိခြင်း၊ မူးမေ့ခြင်း၊ ပတ္တီးစီးခြင်း၊ အန္တရာယ်ဖြစ်စေနိုင်သော သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းစသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါရှေးဦးပြုစုခြင်းအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၃)ဦး တက်ရောက်ခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်အသိပညာပေးဟောပြောသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ သိရသည်။
ကြည်ကြည်နွဲ့
https://t.me/MyanmarNationalPost
No comments:
Post a Comment