စဉ့်ကူးမြို့လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြသ - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကူးမြို့လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြသ


MNP ၊ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ယနေ့နံနက်ပိုင်းမှစ၍ ခင်းကျင်းပြသလျက်ရှိသည်။

စာအုပ်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ စဉ့်ကူးမြို့နယ်ရုံးအတွက်  လစဉ်ပေးပို့သည့် ပညာရပ်မျိုးစုံ ပါဝင်သော သုတရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားပြီး အသိပညာပေး နံရံကပ်စာစောင်တွင် လူငယ်များအတွက် ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် သင်ယူမှုအခွင့်အလမ်းနှင့် ရည်မှန်းချက်များ အကောင် အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လူငယ်တို့၏ ခေါင်းဆောင်မှုစိတ်ဓာတ်၊ လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်များအတွက် စကားပြောခြင်း အတတ်ပညာ၊ လူငယ်များအတွက် အခွင့်အလမ်း၊ လူငယ်တွေ ခေါင်းဆောင်ပါ၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ ကမ္ဘာတစ်လွှား ကြီးထွားလာသောလူငယ်ထု စသည့် အကြောင်းအရာများ ပါဝင်သော ကဗျာ၊ ကာတွန်း၊ ဆောင်းပါးများ ပြသထားရာ ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)