Pages

Pages

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ (၂၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ



MNP ၊ ဒီဇင်ဘာ ၂၇

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၏ (၂၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပရာ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းဗိုလ် နှင့် ပညာရေးအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။

အစီအစဉ်အရ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်ကာ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် မြန်မာ့ဆိုင်းတူရိယာအဖွဲ့က နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်း သဘင်အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ ပါမောက္ခချုပ်ထံသို့ပို့ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။

ဆက်လက်၍ ပါမောက္ခချုပ်က သူနာပြုသိပ္ပံဘွဲ့၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့၊ ဆေးဘက် ဆိုင်ရာ နည်းပညာဘွဲ့(ဓာတ်ခွဲနည်းပညာ၊ ဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာ၊ ခန္ဓာသန်စွမ်းမှုနည်း ပညာ၊ ခြေတု လက်တုနှင့်အားပြုကိရိယာ နည်းပညာ)ရရှိသူတို့ကို ဘွဲ့လက်မှတ်များချီးမြှင့် အပ်နှင်းသည်။ ထို့နောက်ကျောင်းအုပ်ကြီးက ဘွဲ့ရသူများအား ဘွဲ့များနှင့်လျော်ညီသော အဆောင်အယောင်အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင် ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီးနောက် အခမ်းအနား ကိုရုပ်သိမ်းကာ ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာသည်။

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်အနေဖြင့် ၂၀၀၃ ခုနှစ်မှစတင်၍ ဘွဲ့နှင်းသဘင် အခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပြီး သူနာပြုပါရဂူဘွဲ့၊ ဆေးပညာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာ၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ ဆေးဝါးမဟာ သိပ္ပံဘွဲ့နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာ မဟာသိပ္ပံဘွဲ့၊ သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး)၊ ဆေးဘက်ဆိုင်ရာ အသံလွန်လှိုင်းဖြင့် ရောဂါရှာ ဖွေခြင်းနည်းပညာ ဒီပလိုမာ၊ အထူးကြပ်မတ်သူနာပြုစုမှုဒီပလိုမာ၊ ခွဲစိပ်ခန်းသူနာပြုစုမှုဒီပ လိုမာ၊ သူနာပြုသိပ္ပံဘွဲ့၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာနည်းပညာ ဘွဲ့ရရှိသူတို့ အား ဘွဲ့များအပ်နှင်းပေးအပ်ခဲ့သည်။

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ရှိ စာပေသင်ကြားရေးဆိုင်ရာ အရာရှိများ နိုင်ငံတကာအဆင့်မီအတတ်ပညာများရရှိရေးအတွက် ပြည်ပသင်တန်း များတက် ရောက်စေလွှတ်ခဲ့ရာ သူနာပြုပါရဂူဘွဲ့နှင့် သူနာပြုမဟာ သိပ္ပံဘွဲ့အတွက် ၁၉၉၈ ခုနှစ်၊ ၁၉၉၉ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်တို့တွင် သြစတြေးလျနိုင်ငံ၊ La Trobe တက္ကသိုလ်သို့လည်းကောင်း၊ ၂၀၂၂ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့အတွက် ထိုင်းနိုင်ငံ Burapha University သို့လည်းကောင်း စေလွှတ်ပညာသင်ကြားစေခဲ့သည်။

အလားတူ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်မှ သင်တန်းဆင်း အထက် တန်းသူနာပြုများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် လက်တွေ့သူနာပြုစုမှု သင်တန်းသို့လည်း ကောင်း၊ စင်ကာပူနိုင်ငံ National University Hospital တွင် နှလုံးရောဂါအထူးကြပ်မတ်ကုသမှု သင်တန်းသို့လည်း ကောင်း၊ ထိုင်းနိုင်ငံ Ching Mai University နှင့် Mahidol University တို့တွင် သူနာပြုမဟာသိပ္ပံဘွဲ့နှင့် ဆေးဝါးမဟာသိပ္ပံဘွဲ့သင်တန်းများသို့လည်းကောင်း၊ အင်ဒို နီးရှားနိုင်ငံ University of Airlangga Mulyorejo Surabaya တက္ကသိုလ်တွင် သူနာပြုမဟာ သိပ္ပံဘွဲ့သင်တန်းသို့လည်းကောင်း ပညာတော်သင်စေလွှတ်ကာ တက်ရောက်အောင်မြင်ခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment