Pages

Pages

ဓနုဖြူမြို့နယ်တွင် ၂ဝ၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) အခြေခံပညာ မူလတန်းအဆင့် ကျောင်းပေါင်းစုံ (ကျား) ဘောလုံးပြိုင်ပွဲ ကျင်းပ


MNP ၊ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂ဝ၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) အခြေခံပညာမူလတန်းအဆင့် ကျောင်းပေါင်းစုံ (ကျား) ဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ကျင်းပရခြင်းဖြင့် လူငယ်အားကစားသမားများ အရည်အသွေး၊ အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ကျန်းမာကြံ့ခိုင်သော နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန်၊ မြို့နယ်အတွင်းရှိ ကျောင်းသားများ တစ်ဦးနှင့်တစ်ဦး အားကစား ပြိုင်ပွဲများမှတဆင့် ချစ်ကြည်ရင်းနှီးမှုများ ရရှိလာစေရန်၊ ဘောလုံးအားကစားနည်း အခြေခံကောင်းများကိုရရှိပြီး မြို့နယ်၊ တိုင်းဒေသကြီး၊ နိုင်ငံတော်အဆင့် ထူးချွန်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး၊ အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ဓနုဖြူမြို့နယ် အခြေခံပညာကျောင်းများမှ မူလတန်းဆင့် ပြိုင်ပွဲဝင်အသင်း (၈)သင်းမှ ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းနှင့် ဘောလုံးပြိုင်ပွဲကို (၂၆.၁၂.၂၀၂၃)မှ (၄.၁.၂၀၂၄)ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment