ပေါင်မြို့နယ်၌အသင့်သောက်အချိုရည်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌အသင့်သောက်အချိုရည်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စစ်ဆေး

 




MNP ၊      ဒီဇင်ဘာ    ၁၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ အသင့်သောက်အချိုရည်အမျိုးမျိုးနှင်စပ်လျဉ်း၍ ဈေးကွက်စစ်ဆေးခြင်းကိုယမန်နေ့ညနေ (၄) နာရီက  ပေါင်းရပ်ကွက်ရှိစတိုးဆိုင်မျာ၌ စစ်ဆေးခဲ့ကြောင်းသိရသည်။ 

ထိုသို့ ဆောင်ရွက်ရာတွင်  ပေါင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးနေဇင်သက် နှင့်ဒုတိယဦးစီးမှူး ဦး‌အောင်မျိုးဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများပူးပေါင်းကာ စတိုးဆိုင်များတွင် ရောင်းချနေသည့် ဆိုင်များ၌  အသင့်သောက်အချိုရည် အမျိုးမျိုးတို့ကို ဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော် ပြရမည့်အချက်များ ပါဝင်မှု ရှိ/မရှိ တို့ကို စားသုံးသူကာကွယ်ရေး ဥပဒေနှင့် အညီ လိုက်လံစစ်ဆေးခဲ့‌ ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် ဒေသတွင်းအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ယခုကဲ့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသိပညာပေးခြင်း၊ဟောပြောခြင်းနှင့် လက်

ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)