မြစ်ကြီးနားမြို့၌ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့၌ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

 MNP ၊ဒီဇင်ဘာ ၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ နိုင်ငံ့ရတနာခန်းမ၌ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီက လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးကျော်ထက်က အသိပညာပေးဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်အိအိအေးက တိုင်းရင်းသားလူငယ်လူရွယ်များ သိသင့်သိထိုက်သည့်များအား အသိပညာပေး ဟောပြောကာ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူ ဦးအောင်သူက လူငယ်ရေးရာ အသိပညာပေးဟောပြောပြီး ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာအကြီးကိုကို (ကသာ)က "အနာဂတ်အတွက် စာဖတ်ပါ" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအတွက် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများနှင့် စာရေးဆရာအကြီးကိုကို(ကသာ)က သုတရသ စာအုပ်စာစောင်များကို လှူဒါန်းပေးအပ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းကြည်ညွန့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)