MNP ၊ ဒီဇင်ဘာ ၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်၊ ချင်းရွှေဟော်မြို့များမှ တိုက်ပွဲရှောင် နေရပ်ပြန်ပြည်သူများ ပြင်ဦးလွင်မြို့သို့ ရောက်ရှိလာကြရာ ပြင်ဦးလွင်မြို့မှ တောင်ပုလဆရာတော်နှင့် စေတနာရှင်ပြည်သူများမှ အဟာရဒါနများ လှူဒါန်းကုသိုလ်ပြုလျှက်ရှိကြောင်း သိရသည်။
အလားတူ လားရှိုးမြို့တွင်လည်း စစ်ဘေးရှောင်ပြည်သူများကို လာရှိုးမြို့မှ သံဃာတော်များနှင့် စေတနာရှင်ပြည်သူများက စားသောက်ဖွယ်ရာများ လှူဒါန်းကျွေးမွေးလျက်ရှိသည်ကို တွေ့မြင်ရသည်။
၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့မှစ၍ ရှမ်းပြည် (မြောက်ပိုင်း)တွင် MNDAA, TNLA, AA အကြမ်းဖက်သောင်းကျန်းသူများက တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်း၊ လမ်းတံတားများကို ဖျက်ဆီးခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပြီး ဒေသခံပြည်သူ သောင်းနှင့်ချီ၍ စစ်ဘေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
Photo Crd-
https://t.me/MyanmarNationalPost




No comments:
Post a Comment