MNP ၊ ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့နယ်၌ ကျောင်းသား၊ကျောင်းသူ လူငယ်များအရည်အသွေး မြင့်မားရေး အတွက် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲကျင်းပရာသို့ အခြေခံပညာအလယ်တန်းကျောင်း(သိမ်တောင်)မှ Grade-3 ကျောင်းသား၊ကျောင်းသူ(၂၀) ဦးက စိတ်ကြိုက်ရုပ်ပုံများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီးနောက် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများသို့ မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သန်းနု နှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်ဇာလင်း တို့က ဆုများချီးမြှင့်ပေးကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံးသည် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး အတွက် လူငယ်စကားဝိုင်းများ၊ဟောပြောပွဲများ နှင့်ပြပွဲများခင်းကျင်းပြသခြင်း ၊ ပြိုင်ပွဲများကျင်းပပေးခြင်းများ ကိုလစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment