MNP ၊ ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ အမ်းမြို့၌ မြို့ နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ် အသိ ပညာပေးဟောပြောပွဲကို အမှတ် (၁) အထက ပညာရတနာခန်းမတွင် ယနေ့နေ့လည်(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်သဘာဝဘေး အန္တရာယ်ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ကျောင်းသားကျောင်းသူများအား သဘာဝဘေးအန္တရာယ် နှင့်ပါတ်သက်သည့် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျှင်ဘေး၊ မြေပြိုဘေး၊ စူနာမီဘေး၊ မိုးခေါင်ရေရှားဘေးများ၏ ကြို တင်ပြင်ဆင်ရေး နည်းလမ်းများ၊
မိုးလေဝသ သတိပေးအချက် အလက်များကိုနားထောင်၍ လိုအပ်လျှင် လိုက်နာဆောင်ရွက်ကြရန်၊ သဘာဝဘေးအန္တရာယ်နှင့်ကြုံးတွေ့လာပါက မိမိသိရှိထားသည့် အသိပညာများကို လက်တွေ့ အသုံးချအသုံးပြုကြရန် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သန်းဌေး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေထားဇော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းတို့က ကျောင်း သားကျောင်းသူ လူငယ်များအား မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးနှင့်ပါတ်သက်သည့် ပေါ့ဆမှု၊ ပေါင်းစပ်မှု၊ လုံလောက်သည့်အပူချိန်နှင့်လောင်စာဆီများရှိမှသာလျှင် မီးလောင်မှုဖြစ် ကြောင်း၊ မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေးအသိပေးကြော် ငြာခြင်းများ၊ ဟောင်းနွမ်းသည့် ဝါရာကြိုးများမှတဆင့် မီးလောင်မှုဖြစ်ကြောင်း၊ သဘာဝဘေးအ န္တရာယ်များနှင့် မီးလောင်မှုဖြစ်ပေါ်လာပါက အချိန်မှီတိကျခိုင်မာသည့်သတင်းအချက်အလက်ကို အသိပေးအကြောင်းကြားနိုင် ကြောင်းနှင့်သဘာဝဘေးအန္တရာ ယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်မည်ဖြစ် ကြောင်း၊ မီးငြိမ်းသတ်မှုအသိ ပညာပေးအကြောင်းအရာများ၊ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးအသိပညာပေးအကြောင်းအရာများ၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ စူနာမီဘေး၊ ငလျှင်ဘေးနှင့်ပါတ်သက်သည့် ဆောင်ရန်ရှောင်ရန် အသိပညာပေးအကြောင်း အရာများ၊ သဘာဝဘေးအန္တရာ ယ်နှင့်ကြုံးတွေ့လာပါက စည်းစည်းလုံးလုံး စုပေါင်းဝိုင်းဝန်းဆောင်ရွက်တတ်စေရေး၊ သဘာ ဝဘေးအန္တရာယ်နှင့်ပါတ်သက်ပြီး သဘာဝဘေးအန္တရာယ် (၉)ဘေးရှိကြောင်း၊ မုန်တိုင်းဘေးအသိ ပညာပေးအကြောင်းအရာများ၊ မုန်တိုင်းနှင့်ပါတ်သက်ပြီးအရောင် (၅)ရောင်ရှိကြောင်း၊ မိုးတွင်းကာ လတွင် သတိထားနေထိုင်ကြရန် လိုပါကြောင်း၊ မိုးလေဝသ သတိ ပေးအချက် အလက်များကို နားထောင်ကြပြီး မိသားစုဝင်များနှင့် အနီးအနားရှိပြည်သူများအား အသိပေးကြရန်၊ မုန်တိုင်းဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေးဆောင်ရွက်ကြရန်၊ ဘေးအန္တရာ ယ်ဖြစ်လာလျှင် ဘေးကင်းလုံးခြုံသည့်နေရာသို့ပြောင်းရွှေ့နေထိုင်ကြရန်၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ စူနာမီဘေး၊ ငလျှင်ဘေးနှင့်ပါတ်သက်သည့် ဆောင်ရန်ရှောင်ရန် အသိပညာပေးအကြောင်းအရာများတို့ကိုဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် မြို့နယ်ဘေးအန္တရာ ယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းသားကျောင်းသူအား
သဘာဝဘေးအန္တရာယ် အသိ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သဘာဝဘေး အန္တရာယ် အသိပညာပေးနံရံကပ် စာစောင်အားကျောင်းသားကျောင်းသူက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုကြကြောင်းသိရ
သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment