ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မကွေးတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မကွေးတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေး


MNP ၊ ဒီဇင်ဘာ ၁၆

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၁၁ နာရီက မကွေးတက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်အတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေများကို လှည်လည်ကြည့်ရှုခဲ့သည်။

ရှေ့ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် မကွေးတက္ကသိုလ်အတွင်းရှိ စာသင်ဆောင်များတွင် သက်ဆိုင်ရာ ပညာရပ်အလိုက် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေကို လှည့်လည်ကြည့်ရှုကာ ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ပြီး ဗလငါးတန်နှင့် ပြည့်စုံသူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပြီး မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးက တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စာကြည့်တိုက်၊ အပန်းဖြေရိပ်သာ၊ အားကစားရုံ စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အောင်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)