ရေစကြိုမြို့နယ်၊ ဆင်မရဲကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ဆင်မရဲ)မှ အထက်တန်းပြ ဆရာမတစ်ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီး ခေါ်ဆောင်သတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေစကြိုမြို့နယ်၊ ဆင်မရဲကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ဆင်မရဲ)မှ အထက်တန်းပြ ဆရာမတစ်ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီး ခေါ်ဆောင်သတ်ဖြတ်


MNP ၊ ဒီဇင်ဘာ ၁

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် ရဟန်း သံဃာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသောပြည်သူများ အကြောက်တရားလွှမ်းမိုးစေရန် ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်မရဲကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ဆင်မရဲ)တွင် အထက်တန်းပြ ဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသည့် အောင်ပန်းချောင်းကျေးရွာနေ ဒေါ်မာစီ သည် ၎င်း၏အစ်မဖြစ်သူ ဒေါ်မာသီ နှင့် သမီးဖြစ်သူ မနှင်းမာလာအောင်တို့ နှင့်အတူ နေအိမ်၌ရှိနေစဉ် နိုဝင်ဘာလ ၂၈ ရက် နံနက်ပိုင်းက PDF အမည်ခံအကြမ်းဖက်သမား ၃၀ ဦးခန့် ရောက်ရှိလာပြီး ဆရာမဖြစ်သူ ဒေါ်မာစီအား ကျေးရွာ၏ အရှေ့ဘက်မီတာ ၁၅၀ ခန့် အကွာရှိ စက်လှေဆိပ်သို့ လက်ပြန်ကြိုးတုတ်၍ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများသည် ကျေးရွာ၏ မြောက်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ အနာဂတ်ကလေးငယ်များအား ပညာသင်ကြားပေးနေသည့် ဆရာမဖြစ်သူအား ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)