Pages

Pages

ပဲခူးမြို့အဝင်တွင် လက်နက်ခဲယမ်းများ သယ်ဆောင်လာစဉ် ဖမ်းဆီးရမိသူမှာ နိုင်ငံရေးအကျဉ်းသားဟောင်း ဟုဆို



MNP ၊ ဇန်နဝါရီ ၃၁

လက်နက်များ ဝှက်၍သယ်ဆောင်လာကြောင်း သတင်းရရှိသည့်အတွက် ၂၉-၁-၂၀၂၄ ရက်နေ့ ညက လုံခြုံရေးအဖွဲ့များသည် ပဲခူးမြိုအဝင်တွင်  မော်တော်ကားတစ်စီးအား စစ်ဆေးရာ  နနွင်းအိတ်များဖြင့် ဝှက်၍သယ်ဆောင်လာသည့် RUGER စနိုက်ပါ ၁ လက်၊ အမ်(၁၆) ၁ လက်၊ အမ်အေ(၁) ၁ လက်၊ Sig Sauer ပစ္စတို  ၁ လက်၊ ကျည်အိမ်  ၅ ခု၊ ကျည်  ၂၉၀၀ တောင့်၊ ယမ်းပျော့  ၆ ကီလိုဂရမ် တို့အားသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ လက်နက်ခဲယမ်းများကို သယ်ဆောင်လာသော အမျိုးသမီးမှာ ပြည်ဖျက်မိစ္ဆာများ၏ သတ်မှတ်ချက်အရ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ကြောင်း၊ သူမ၏ အမည်မှာ နိုဘယ်အေး ဆိုသူဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် RFA မှ ဖော်ပြထားရာတွင် "မိသားစုတွေအနေနဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အရမ်းစိုးရိမ်နေတယ်။ သူ့ရဲ့ ကျန်းမာရေးအခြေအနေကလည်း မကောင်းသေးဘူးဗျ။ သူက ကင်ဆာရောဂါလည်းဖြစ်နေတာ။ ဒီနှစ်အပိုင်းအခြားထဲမှာ အကိုက်အခဲပျောက်ဆေးတွေကို တောက်လျှောက်သုံးစွဲနေရတဲ့ အနေအထားဖြစ်တယ်။ နောက်တစ်ခုက သူ့ကိုလုံး၀ ဆယ်သွယ်မရသေးဘူး" ဟု မျက်ရည်ခြူထားသည်ကို တွေ့ရသည်။

အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်ပြီး လက်နက်ခဲယမ်းများ သယ်ဆောင်နေသူ မနိုဘယ်အေး သည် ၉၆ မျိုးဆက်ကျောင်းသူတစ်ဦးဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်မှာ တစ်ကြိမ် နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရကြောင်းဖြင့် ရေးသားထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment