Pages

Pages

မြန်မာသံရုံး၊ ပေကျင်းမြို့၌ Envoy of International Cultural Exchange Program အစီအစဉ် ကျင်းပ







MNP ၊ ဇန်နဝါရီ ၃၁

မြန်မာ-တရုတ် ပြည်သူများအကြား အပြန်အလှန်ဖလှယ်မှု တိုးမြှင့်ရေးအတွက် ရည်ရွယ်၍ Beijing Art Creative Art School မှ ကျောင်းသားကျောင်းသူများပါဝင်သည့် Envoy of International Cultural Exchange Program အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် မြန်မာသံရုံး၊ ပေကျင်းမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေမှ ကြိုဆိုမိတ်ဆက်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ပြည်သူများအကြား အပြန်အလှန် ထိတွေ့ ဆက်ဆံဖလှယ်မှုများ၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ယဉ်ကျေးမှုဖလှယ်မှုများမှတစ်ဆင့် နောင်လာမည့် နှစ်ပေါင်းများစွာတိုင်အောင် ချစ်ကြည်ရေး ဆက်လက်ရှင်သန်စေရေးအတွက် ရည်ရွယ်လျက် ကျင်းပခြင်းဖြစ်ကြောင်း၊ ကာလရှည်ကြာစွာ တည်ရှိနေသည့် မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှု တိုးတက်မြင့်မားစေရေးအတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း လမ်းညွှန်မှာကြားခဲ့သည်။ 

ထို့နောက် အစီအစဉ်တွင် ပါဝင်သည့် ကျောင်းသူတစ်ဦးမှ အမှတ်တရ ကျေးဇူးတင် စကားပြောကြားခဲ့ပြီး မြန်မာသံရုံး၊ တာဝန်ရှိသူမှ မြန်မာနိုင်ငံအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်၍ မြန်မာသံရုံးနှင့် စစ်သံရုံး (ကြည်း/ရေ/ လေ) တို့မှ မြန်မာကျောင်းသားကလေးငယ်များက သီဆိုကပြဖျော်ဖြေခြင်း၊ တရုတ်ကျောင်းသား၊ ကျောင်းသူများက ကပြဖျော်ဖြေခဲ့ကြပြီးနောက် မြန်မာသံရုံးမှ မြန်မာ့ရိုးရာစားစရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment