MNP ၊ ဇန်နဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ၂၀၂၄-ခုနှစ်၊ ( ၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၊ အထက (ရွှေတောင် )၊ အထက (ကြာနီကန်) ကျောင်းတို့တွင်
မူလတန်း၊ အလယ်တန်း ကျောင်းသား၊ကျောင်းသူများ ယနေ့နံနက်ပိုင်းက အားကစားပြိုင်ပွဲ များပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများ အားကစားပြိုင်ပွဲကျင်းပရာသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကျော်ဦးနှင့် ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ / ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ ၊ကျောင်းသား၊ကျောင်းသူ မိဘများတက်ရောက်အားပေးခဲ့ပြီး ပြိုင်ပွဲတွင် မီတာ( ၁၀၀) အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ဗန်းရွက်ပြိုင်ပွဲ၊ အိတ်စွပ်ခုန်ပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲနှင့် အပ်ကြိုးထိုးပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်မှ ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment