Pages

Pages

ပေါင်မြို့နယ်၌အလက(ခွဲ)မုကျိကျောင်းဆောင်သစ်ဖွင့်ပွဲပြုလုပ်

 




MNP ၊   ဇန်နဝါရီ      ၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်  အလက(ခွဲ)မုကျိကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက အဆိုပါကျောင်းဆောင်သစ်၌ မုကျိကျေးရွာတိုက်ကျောင်းဆရာတော်ကြီး၊မြို့နယ်ပညာရေးမှူးနှင့်စေတနာရှင်အလှူရှင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ခဲ့သည်။

ရှေးဦးစွာမုကျိကျေးရွာတိုက်ကျောင်းဆရာတော်ကြီးက ကျောင်းဆောင်သစ်ကို အလှူရှင်များစုပေါင်းလှူဒါန်းပေးသောကြောင့် (၃၀&၂၅)ပေ နှစ်ထပ်၊ကိုယ်ထူ ကိုယ်ထကျောင်းဆောင်သစ် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊စေတနာရှင်အလှူရှင်များ၏ကျေးဇူးကြောင့်ကျောင်းသား၊ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနိုင်တော့မည်ဖြစ်ပါကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် မုကျိကျေးရွာတိုက်ကျောင်းဆရာတော်ကြီးက ကျောင်းဆောင်သစ်အား မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေး ထံသို့ အဆောက်အဦအား လွှဲပြောင်းပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူးကလက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ   ကျောင်းဆောင်သစ်ကြီးကို (၅၄၅) သိန်းကျော်အကုန်ကျခံ‌ဆောက်လုပ်ခဲ့ပြီး

(5)ခန်းတွဲ သန့်စင်ခန်းကြီးကိုလည်း ဆက်လက်၍လှူဒါန်းဆောက်လုပ် ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment